ကောင်းသော ဒီဇင်ဘာလဖြစ်ပါစေဗျာ။ ဒီနေ့ ကျွန်တော် ဘလော့ရဲ့ နောက်ကြောင်းကို ပြန်သုံးသပ်ကြည့်မိတယ်။ သုံးသပ်မိတယ် ဆိုတာထက် စိတ်ပျက်နေတာ။ ဘာကြောင့်လဲဆိုတော့ အကြောင်းအမျိုးမျိုးရှိတယ်။ ကျွန်တော် ဘလော့ကို စလုပ်တုန်းက စိတ်ကူးစိတ်သန်းတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် တကယ်လဲလုပ်ရော သြော် .. ကိုယ်မလုပ်နိုင်တာတွေများဖြင့် တော်တော်များပါလားလို့။ အတွေ့အကြုံတွေလေ။
ကျွန်တော့်ပြဿနာက ပို့စ်မတင်နိုင်တာရယ်၊ ဗဟုသုတပိုင်းအားနည်းတာရယ်၊ ဘလော့ဂ်နည်းစံနစ်တွေ မကျွမ်းကျင်တာတွေ အမျိုးမျိုးပေါ့။ နောက်တော့ စာရေးရတာ တော်တော်ပျင်းတယ်။ စာရေးချင်တဲ့ စိတ်ရှိလာအောင် တော်တော်လုပ်ယူရတယ်။ အဲ .. အလုပ်လုပ်ရင်လဲ ဒီအတိုင်းပါပဲ။ အလုပ်ကိုသေသေချာချာ ဖြစ်မြောက်အောင်လုပ်နိုင်ဖို့ထက် တခြားအရေးမပါတဲ့ ကိစ္စတွေပဲ စိတ်ပါနေတယ်။ ကြာလာတော့ ဘလော့ကြီးရှိနေတာလဲ အရေးမပါသလိုကြီးဖြစ်နေရော။ နောက်ပြီး ဘလော့ထိုင်ရေးတယ်ပြောပြီး ဘလော့မရေးတတ်ရင်ဖြင့် လူရယ်စရာကြီးလို ဖြစ်နေရော.. မဟုတ်လား။ နောက်ပြီး .. ကျွန်တော့်ကို ကျွန်တော် ဘယ်တော့ပစ်ကို အလေးထားရေးရမလဲ ဆိုတာလဲ စဉ်းစားလို့မရဘူး။
The above greetings letter is posted by one of my friends and which is the first burmese version on my blogspot.That's why i just posted it as original.
"Friend",thank you for your kind help.