၁။ လူတွေဟာ အကြောင်းဆင်ခြင်ဥဏ်လည်းမရှိ
တကိုယ်ကောင်းလည် ဆန်လှတယ်
မည်သို့ပင်ဖြစ်စေ စေတနာထား နာလည်းပေးလိုက်ပါ ။
၂။ လူတွေဟာ ကောင်းသောအမှု သင်မည်မျှပြုသော်လည်း
မရိုးမသား ကိုယ်ကျိုးစီးပွား အတွက်ပါလို့ စွပ်စွဲကြလိမ့်ဦးမည်
မည်သို့ပင်ဖြစ်စေ ကောင်းသောအမှုကို ပြုမြဲသာပြုပါ ။
၃။ သင်အောင်မြင်ပြီဆိုလျှင် သင့်မှာ မိတ်ဆွေအတုအယောင်များရော
ရန်သူစစ်စစ်များပါ ရရှိလာလိမ့်မည်
မည်သို့ပင်ဖြစ်စေ အောင်မြင်ရန်သာအားထုတ်ပါ ။
၎။ ရိုးဖြောင့် ပွင့်လင်းစွာ စကားဆိုခြင်းတို့ကြောင့်
သင့်မှာ ထိခိုက်စရာတွေ ကြုံချင်ကြုံရလိမ့်မယ်
မည်သို့ပင်ဖြစ်စေ ရိုးသာစွာသာ ပြောဆိုဆက်ဆံပါ ။
၅။ သင်ယနေ့ပြုသည့် ကောင်းသောအမှုကို
မနက်ဖြန် သူတို့မေ့ကောင်း မေ့သွားပါလိမ့်မယ်
မည်သို့ပင်ဖြစ်စေ ကောင်းသောအမှုကိုပြုမြဲပြုပါ ။
၆။ လူတွေ ဟာ နိမ့်ပါးသူ ကိုယ်အောက်လူများကို
စေတနာပိုတတ်တယ် ဆိုသော်လည်း လက်တွေ့မှာ အပေါ်စီး
ရသူ ထိပ်ဆုံးလူများနောက်သို့သာလိုက်နေတတ် ပါတယ်
မည်သို့ပင်ဖြစ်စေ နိမ့်ပါးသူ အောက်လူတို့အတွက် ရပ်တည်ပေး
တိုက်ပွဲဝင်ပေးပါ ။
၇။ နှစ်ပေါင်းများစွာ သင်တည်ဆောက်ခဲ့သောအရာသည်
နေ့ချင်းညချင်း ဖြိုလှဲဖျတ်ဆီးခြင်း ခံချင်ခံရလိမ့်မည်
မည်သို့ပင်ဖြစ်စေ တည်ဆောက်စရာရှိတာ ဆက်လက်တည်ဆောက်ပါ ။
၈။ လောကအတွက်အကောင်းဆုံးကို သင်ပေးလျက်လည်း
သင့်ကို ခါးသည်းနာကျည်းဖွယ် တုံ့ပြန်ကောင်း တုံ့ပြန်လိမ့်မယ်
မည်သို့ပင်ဖြစ်စေ သင့်မှာရှိသည့် အကောင်းဆုံးကိုသာပေးမြဲ တိုင်းပေးပါ ။